Friday, December 7, 2012

ယဉ်ကျေးလိမ္မာ တရားစခန်းဖွင့်မည်



ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ
ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၌
ကျောင်းသား၊ကျောင်းသူများအတွက်ယဉ်ကျေးလိမ္မာ တရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဒီဇင်ဘာ
( ၇ ) ရက် မှ ( ၁၁ ) ရက်အထိ စာရင်းပေးသွင်းနိုင်ပါသည်။

- Grade 10 (န၀မတန်း) ကျောင်းသား ကျောင်းသူများအတွက် ဒီဇင်ဘာ ၁၈ ရက် မှ ၂၀ ရက်အထိ၊
- Grade 8 (သတ္တမတန်း), Grade 9 (အဋ္ဌမတန်း) ကျောင်းသား ကျောင်းသူများအတွက်
  ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ၊
- အသက် ၁၆နှစ် မှ ၂၅နှစ် တက္ကသိုလ်ကောလိပ် တက်ရောက်နေသူများ၊ ဘွဲ့ရများအတွက်
  ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ၊
- Grade 6 (ပဉ္စမတန်း), Grade 7 (ဆဋ္ဌမတန်း) ကျောင်းသား ကျောင်းသူများအတွက်
  ဒီဇင်ဘာ ၃၀ ရက် မှ ဇန်န၀ါရီ ၁ ရက်အထိ၊
- Grade 4 (တတိယတန်း), Grade 5 (စတုတ္ထတန်း) ကျောင်းသား
ကျောင်းသူများအတွက် ဇန်န၀ါရီ ၂ရက်မှ ဇန်န၀ါရီ ၄ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၂နာရီအရောက်
လာကြရမည်ဖြစ်သည်။
တရားစခန်းသို့ ၀င်ရောက်လိုသူများသည် ဖော်ပြပါ email လိပ်စာများသို့
မိမိအမည်၊ ပညာအရည်အချင်း၊ ကျောင်းအမည်၊ အဖေအမည်၊ အမေ အမည်၊ နေရပ်လိပ်စာ
နှင့် email လိပ်စာတို့ကို အင်္ဂလိပ်လို ရေးသားပြီး
ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ အချက်အလက်မပြည့်စုံသူများကို
စာရင်းလက်ခံမည်မဟုတ်ပါ။
- တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက် (unidmdt2012@gmail.com)
- Grade 10 (၉ တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် (90dmdt2012@gmail.com)
- Grade 8, Grade 9 (၇ တန်း၊ ၈ တန်း) ကျောင်းသား၊ ကျောင်းသူများအတွက်
(78dmdt2012@gmail.com)
- Grade 6, Grade 7 (၅ တန်း၊ ၆ တန်း) ကျောင်းသား၊ ကျောင်းသူများအတွက်
(56dmdt2012@gmail.com)
- Grade 5, Grade 4 (၃ တန်း၊ ၄ တန်း) ကျောင်းသား၊ ကျောင်းသူများအတွက်
(34dmdt2012@gmail.com)
လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့်
ရွေးချယ်လက်ခံပါမည်။ ၀င်ခွင့်ရသူများစာရင်းကို ဒီဇင်ဘာ ၁၅ ရက်မှ
စတင်၍တရားစခန်းရက်မတိုင်ခင် အကြောင်းပြန်ကြားပါမည်။ ၀င်ခွင့်ရသူများသည်
တစ်လက်မဓာတ်ပုံ နှစ်ပုံနှင့် ကျောင်းသားကတ်
သို့မဟုတ်မှတ်ပုံတင်မိတ္တူတစ်စောင်စီ ယူဆောင်လာကြရမည် ဖြစ်ပါသည်။

ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား သတ္တ၀ါအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...