Tuesday, May 21, 2013

ကဆုန်ညောင်ရေသွန်းပွဲ နှင့် မုန့်လက်ဆောင် စတုဒီသာ အလှူ


 

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်
ဗ္မူ့ဥသျှောင်တိလောကမာန်အောင် မဟာမုနိဘုရားကြီး၊
ဗုဒ္ဓဝံသရက္ခိတအသင်းကြီးမှ
၁၃၇၅ခုနှစ် ၊ ကဆုန်လပြည့်နေ့ ၊၂၀၁၃ ခုနှစ် ၊ မေလ ၂၄ ရက် သောကြာနေ့တွင်
ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးကိုအသင်းကြီးတည်ရှိရာမဟာဗောဓိပင်၌ စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သွားပါမည်။ညောင်ရေသွန်းလောင်းလှူပွဲသို့ဘုရားဖူးလာ
သူတော်ကော င်းအပေါင်းတို့အားလည်းမုန့်လက်ဆောင်း စတုဒိသာ များကိုနံနက်(၉)နာရီမှစတင်၍ဧည့်ခံကျွေးမွေးပါမည်။  
ဘုရားဖူးလာ သူတော်စင် အယုတ်အလတ်အမြတ်မရွေးကျွေးမွေးလှူဒါန်းသွားပါမည်။
ကြွရောက်သုံးဆောင် ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
အသင်းသားအသင်းသူများနှင့်ဓမ္မိတ်ဆွေသူတော်ကောင်းများလုပ်အားဒါနနှင့်အလှူငျွေားကို
ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဗုဒ္ဓဝံသရက္ခိတအသင်းသား ၊ အသင်းသူ များအားလုံးအနေဖြင့်လည်း  မေလ (၂၃)ရက်နေ့
နေ့လည် (၂)နာရီအရောက်လာရောက်ကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။





Thursday, May 16, 2013

အလှူအားလုံးတို့တွင်တရားအလှူသည်အမြတ်ဆုံး

 ဆရာတော် အရှင်နန္ဒမာလာဘိဝံသ " ၁၂ နှစ်ကြာအဖြေရှာခဲ့ရသော မေးခွန်းများ တရားတော်မှ " တရားအလှူက ဘာကြောင့် မြတ်သလဲ" သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ဒါနအားလုံးမှာ ဓမ္မဒါနဟာ အမြတ်ဆုံးလို့ပြောနေကြတယ်။ ဘာကြောင့်မြတ်သလဲဆိုတာ စဉ်းစားမယ်ဆိုရင် ပေးသူနှင့်ယူသူမှာ အကျိုး တွေ အတိုင်းအဆမရှိလောက်အောင် များပြားလို့ မြတ်တယ်လို့ပြောရတာ။ အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ ။  ဥပမာ- သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင် ၊ မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့၊ ဟုတ်ရဲ့ လား၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ တစ်ရက်စာပဲရမှာပေါ့။ ဆွမ်းရဲ့ အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိမယ်၊ သင်္ကန်းရဲ့ အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိတယ်။ အဆောက်အဦး လှူလိုက်မယ်ဆိုရင်လည်း အဆောက် အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ် ။ ဓမ္မဒါနကြောင့် ဓမ္မကိုရသွားတဲ့အခါ အကျိုးပြုတာ ကျတော့ သံသရာ ဝဋ်က လွတ်သွားတယ်၊ အသိဉာဏ်တွေရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်က အကျိုးတွေများတုန်း၊ (ဓမ္မကိုလှူတာက များတယ်) ၊ ဒါ့ကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ပြောတာ နော်။  ဒါန ထဲမှာ ဘယ်ဒါနက အမြတ်ဆုံးပါလဲဘုရားလို့  နတ်တွေမေးလို့  မြတ်စွာဘုရားက အဖြေပေးလိုက်တာ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊ “သဗ္ဗဒါနံ - ပေးတာတွေ အားလုံးကို ၊ ဘာပဲပေးပေး ၊ ပစ္စည်းတွေပဲ ပေးပေး တစ်ဦးတစ်ယောက်က နေပြီး လက်ဆောင်ပဲပေးပေး ၊ ပစ္စည်းတွေပဲ ပေးပေး ၊ ပေးချင်တာတွေပေး ၊ ပေးစရာ အားလုံးကို ၊ ဓမ္မဒါနံ - ဓမ္မကို ပေးလှူခြင်းကသာလျှင် ၊ ဇိနာတိ - အုပ်စိုးထားနိုင်တယ် " လို့ ဒီလိုဟောတာ ။  ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုး အမြတ်ရှုထောင့်က ဟောတာ။ တန်ဖိုးကို ဘယ်ကနေကြည့်ဖြတ်တုန်းဆိုရင် အကျိုးအမြတ်ကနေ ကြည့်ဖြတ်တယ်။ ရွှေကိုတန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ် တုန်း ၊ စိန်ကိုတန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း ၊ ဟောတန်ဖိုးဖြတ်ပုံချင်း မတူဘူးနော်၊ အခုဟာက လက်ခံရရှိသူ မှာ ရလိုက်တဲ့ အကျိုးနှင့်ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့ ။ ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်၊ လက်ခံ ရရှိတဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး တန်ဖိုးဖြတ်လိုက်တယ် ဒီလိုမှတ်ရမယ် ။
Related Posts Plugin for WordPress, Blogger...